(၂၄)
ဂါထာမဖက် စုဏ္ဏိယ သက်သက်ဖြစ်သော ဤဓမ္မစက္ကပ၀တ္တနသုတ်တော်ကြီးကို ဟောတော်မူအပ်သည်ရှိသော် ရှည်သော အသက်တော်ရှိသော အရှင်ကောဏ္ဍညမထေရ်အား ကိလေသာမြူတို့မှ စင်ဖြူကင်းဝေးသော၊ မှောက်မှားဒိဋ္ဌိ အညစ် အကြေး မရှိသော သောတပတ္တိမဂ်ညဏ်၂ ဟု ဆိုအပ်သော တရားမျက်လုံးသည် ထင်ရှားစွာ ပေါ်ပေါက်လေ၏။ဣမသ္မိံ စ ပန ဝေယျာကရဏ၁ သ္မိံ ဘညမာနေ
အာယသ္မတော ကောဏ္ဍညဿ
ဝိရဇံ
ဝီတမလံ
ဓမ္မစက္ခုံ
ဥဒပါဒိ
“ယံကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓ ဓမ္မ” န္တိ
အာယသ္မတော ကောဏ္ဍညဿ
ဝိရဇံ
ဝီတမလံ
ဓမ္မစက္ခုံ
ဥဒပါဒိ
“ယံကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓ ဓမ္မ” န္တိ
(၂၄)
“အလုံးစုံသော တေဘုမ္မက၀ဋ်ဒုက္ခ တရားစုသည် ဖြစ်ပေါ်ခြင်းလျှင် အကြောင်းရင်းရှိ၏။ ထိုအလုံးစုံသော တေဘုမ္မက ၀ဋ်ဒုက္ခ တရားစုသည် မကြွင်းမကျန် အမှန်ချုပ်ဆုံးခြင်း သဘောရှိ၏။”
(ဤသို့ ဟုတ်တိုင်းမှန်သိ ညဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်၍လာ၏။)
(24)
၁။ ဝေယျာကရဏ = ဖြေဆိုခြင်း၊ ဖြေကြားခြင်း၊ ဟောကြားခြင်း ဂါထာမရှိ အမေးအဖြေနှင့်တကွသော၊ ဂါထာမဖက် စုဏ္ဏိယသက်သက် ဖြစ်သော တရား
“Whatever has the nature of uprising all that has the nature of cessation.”
Veyyākarana - Answer, Explanation, Exposition.
Sotāpatti-maggaňānah - The First Path - knowledge of Stream winning.
No comments:
Post a Comment