Monday, March 26, 2007

15

(၁၅)
“တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ

(၁၅)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန်ဖြစ်သော ဤအရိယသစ္စာတရားကို ကိုယ်တိုင် ဆိုက်ရောက်မျက်မှောက် ပြုအပ် ပြုထိုက်၏” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီကာလ၌ တစ်ရံ တစ်ခါမျှ မကြားစဖူးကုန်သော တရားအပေါင်းတို့၌ မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်၍လာ၏။ ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။ အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။ ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။ မောဟမှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။

(15)

Among things, Bhikkhus, not heard of before by me.

Vision arose,

Knowledge arose,

Wisdom arose,

Special knowledge arose,

Light arose, “THAT, WHICH IS THE NOBLE TRUTH OF THE CESSATION OF SUFFERING MUST BE REALISED.”

16

(၁၆)
တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ

(၁၆)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန်ဖြစ်သော ဤ အရိယသစ္စာတရားကို ကိုယ်တိုင် ဆိုက်ရောက် မျက်မှောက်ပြုခြင်းကိစ္စ ပြီးပြီ” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီကာလ၌ တစ်ရံ တစ်ခါမျှ မကြားစဖူးကုန်သော တရားအပေါင်းတို့၌ မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်၍လာ၏။ ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။ အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။ ထိုးထွင်းသိတတ်ဝိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။ မောဟမှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။

(16)

Among things, Bhikkhus, not heard of before by me.

Vision arose,

Knowledge arose,

Wisdom arose,

Special knowledge arose,

Light arose, “THAT, WHICH IS THE NOBLE TRUTH OF THE CESSATION OF SUFFER-ING HAS BEEN REALISED.”

17

(၁၇)
ဣဒံ ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿု တေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ

(၁၇)
ချစ်သားရဟန်းတို့ “ဤ မဂ္ဂင်ရှစ်ပါးတရားအစုသည် ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာအမှန် နိဗ္ဗာန် သို့ရောက်ကြောင်း အကျင့်ကောင်း လမ်းမှန်ဖြစ်သော အရိယသစ္စာကြီးတစ်ပါး” ဟူ၍ ငါဘုရားသည် ရှေးဘုရား မဖြစ်မီကာလ၌ တစ်ရံတစ်ခါမျှ မကြားစဖူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
မောဟမှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။

(17)

Among things, Bhikkhus, not heard of before by me.

Vision arose,

Knowledge arose,

Wisdom arose,

Special knowledge arose,

Light arose, “THAT, THIS IS THE NOBLE TRUTH OF THE COURSE LEADING TO THE CESSATION OF SUFFERING.”

18

(၁၈)
တံ ခေါ ပနိဒံ ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ

(၁၈)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာအမှန် နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကောင်း လမ်းမှန်ဖြစ်သော ဤအရိယသစ္စာတရားကို ဘာဝနာအလုပ်ဖြင့် အားထုတ်ကြိုးစားပွားများအပ် ပွားများ ထိုက်၏” ဟူ၍ ငါဘုရားသည် ရှေး ဘုရားမဖြစ်မီကာလ၌ တစ်ရံတစ်ခါမျှ မကြားစဖူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိÓဏ်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
မောဟမှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။

(18)

Among things, Bhikkhus, not heard of before by me.

Vision arose,

Knowledge arose,

Wisdom arose,

Special knowledge arose,

Light arose, “THAT, WHICH IS THE NOBLE TRUTH OF THE COURSE LEADING TO THE CESSATION OF SUFFERING MUST BE DEVELOPED.”

19

(၁၉)
တံ ခေါ ပနိဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ

(၁၉)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာအမှန် နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့် ကောင်းလမ်းမှန်ဖြစ်သော ဤအရိယသစ္စာတရားကို ပွားများခြင်းကိစ္စပြီးပြီ” ဟူ၍ ငါဘုရားသည် ရှေးဘုရား မဖြစ်မီကာလ၌ တစ်ရံတစ်ခါမျှ မကြားစဖူးကုန်သော တရားအပေါင်းတို့၌ မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။ ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
မောဟမှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။

(9)

Among things, Bhikkhus, not heard of before by me.

Vision arose,

Knowledge arose,

Wisdom arose,

Special knowledge arose,

Light arose, “THAT, WHICH IS THE NOBLE TRUTH OF THE COURSE LEADING TO THE CESSATION OF SUFFERING HAS BEEN DEVELOPED.”

20

(၂၀)
ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧ၀ံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ* ညဏဒဿနံ န သုဝိသုဒံ္ဓ အဟောသိ

(၂၀)
ချစ်သားရဟန်းတို့ အကြင်မျှလောက်သော ကာလပတ်လုံး ငါဘုရားအား လေးပါးကုန်သော ဤမဖောက်မပြန် မှန်ကန် တုံလတ် အရိယသစ္စာမြတ်တို့၌ ဤသို့ပြဆိုအပ်ပြီးသောအတိုင်း သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် အားဖြင့် စက်လည်ပုံသုံးပါးရှိသော သုံးပါးလေးလီအားဖြင့် အခြင်းအရာ တစ်ဆယ့်နှစ်ပါးရှိသော ဟုတ်မှန်သောအတိုင်း ပိုင်းခြား ထင်ထင် ဉာဏ်အမြင်သည် စင်စင်ကြယ်ကြယ် မဖြစ်ပေါ်လာသေး။

(20)

And so long, Bhikkhus, the Vision of knowledge of these Four Noble Truths with the three sections and twelve modes as they really are, was not well purified by me,

* ယထာဘူတံ = ဟုတ်မှန်သည့်အလျောက် ဖြစ်သည့်အတိုင်း
Yathābhūtan - in truth; in reality, in its real essence: - according to the reality.
၁။ သစ္စဉာဏ် = သစ္စာလေးပါးတို့၏ သရုပ်သဘောသက်သက်ကို သိသောဉာဏ်

sacca-ñāna - The knowledge that it is the Truth.

၂။ ကိစ္စဉာဏ် = သစ္စာလေးပါးတို့၏ ဆိုင်ရာလုပ်ငန်းကို သိသောဉာဏ်

kicca-ñāna - The knowledge that a certain function or action with regard to this Truth

should be performed.

၃။ ကတဉာဏ် = သစ္စာလေးပါးတို့၌ အလုပ်စခန်းပြီးမြောက်ပြီဟု သိသောဉာဏ်

kata-ñāna - The knowledge that, that function or action with regard to this Truth has been performed.

နေ၀ တာဝါဟံ ဘိက္ခဝေ သဒေ၀ကေ လောကေ သမာရကေ သဗြဟ္မကေ သဿ မဏဗြဟ္မဏိယာ ပဇာယ သဒေ၀မနုဿာယ “အနုတ္တရံ သမ္မာ သမ္ဗောဓိံ အဘိ သမ္ဗုဒ္ဓေါ” တိ ပစ္စညာသိံ
So long was I, Bhikkhus, could not admit that “I was a perfect Buddha who had attained the full supreme ENLIGHTENMENT, in the midst of the world with its Devas1, with its Māras2, with its Brahmas3, with its Recluses and Brahmans4, its creatures with Devas and Men.”

1. Deva - a deity; a celestial being; a god.
2. Māra - The Evil One; the Tempter; death personified.
3. Brahma - Supreme being; creator of the Universe.
4. Brāhmana - A Brahmin; member of the highest caste in India.

21

(၂၁)
ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧ၀ံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ညဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ
အထာဟံ ဘိက္ခဝေ သဒေ၀ကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏ ဗြဟ္မဏိယာ ပဇာယ သဒေ၀မနုဿာယ “အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ” တိပစ္စညာသိံ

(၂၁)
ချစ်သားရဟန်းတို့ အကြင်အခါ၌သာလျှင် ငါဘုရားအား လေးပါးကုန်သော ဤ မဘောက်မပြန် မှန်ကန်တုံလတ် အရိယသစ္စာမြတ်တို့၌ ဤသို့ပြဆိုအပ်ပြီးသောအတိုင်း သစ္စညဏ်၊ ကိစ္စညဏ်၊ ကတညဏ်အားဖြင့် စက်လည်ပုံသုံးပါး ရှိသော သုံးပါးလေးလီအားဖြင့် အခြင်းအရာ တစ်ဆယ့်နှစ်ပါးရှိသော ဟုတ်မှန်သောအတိုင်း ပိုင်းခြားထင်ထင် ညဏ် အမြင်သည် စင်စင်ကြယ်ကြယ် ဖြစ်ပေါ်၍လာ၏။
ချစ်သားရဟန်းတို့ ထိုအခါ၌သာလျှင် ငါဘုရားသည် နတ်ပြည်နှင့်တကွဖြစ်သော၊ မာရ်နတ်လွှမ်းခြုံ ၀သ၀တ္တီဘုံနှင့် တကွ ဖြစ်သော၊ ဗြဟ္မာ့ဘုံနှင့်တကွဖြစ်သော၊ အနန္တစကြ၀ဠာ ကမ္ဘာလောကဓာတ် တိုက်ဘောင်အတွင်း၌ ရဟန်းပုဏ္ဏား နှင့်တကွ ဖြစ်သော၊ နတ်လူနှင့် တကွဖြစ်သော သတ္တ၀ါများအလယ်၌ “အတုမရှိသော ဘုရားဖြစ်ရန် သဗ္ဗညုတ ရွှေညဏ်ကို ပိုင်ပိုင်ရရှိ ထိုးထွင်း၍ သိတော်မူပြီ”ဟူ၍ ၀န်ခံတော်မူပြီ။
(21)

But when, Bhikkhus, the Vision of knowledge of these Four Noble Truths, with the three sections and twelve modes, as they really are, was well purified by me.

Then, Bhikkhus, I could admit that “I was a perfect Buddha, who had attained the full supreme ENLIGHTENMENT, in the midst of the world with its Devas, with its Māras with its Brahmas, with its Recluses and Brahmans, its creatures with Devas and Men.”



22

(၂၂)
ညဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ
“အကုပ္ပါ မေ ၀ိမုတ္တိ* အယမန္တိမာ
ဇာတိ နတိ ဒါနိ ပုနဗ္ဘဝေါ” တိ

(၂၂)
ချစ်သားရဟန်းတို့ ငါဘုရား၏ ဟုတ်တိုင်းအမှန် အမြင်သန်သော ပစ္စဝေက္ခဏာ ညဏ်တော်သည် ထင်ရှားဖြစ်ပေါ်၍ လာပြီ။ ငါဘုရား၏ အရဟတ္တဖိုလ်ညဏ်တော်သည် မပျက်မစီးနိုင်ခိုင်ခံ့တည်တံ့လေပြီ။ ငါဘုရား၏ ဤဘ၀အဖြစ်သည် အဆုံးစွန်သော အဖြစ်ပေတည်း။ ယခုအခါ၌ ဘ၀အသစ် တစ်ဘန်ဖြစ်ဖို့ အရေးသည် မရှိတော့ချေ။ ဤသို့ ညဏ်အမြင် သည် ထင်ရှားဖြစ်ပေါ်၍ လာပြီ။

(22)

Moreover, the Vision of knowledge arose to me, “Unshakable is freedom for me, this is the last birth, now there is no rebirth.”

*စေတောဝိမုတ္တိ (မူကွဲ)

23

(၂၃)
ဣဒမဝေါစ ဘဂ၀ါ
အတ္တမနာ ပဉ္စ၀ဂ္ဂိယာ ဘိက္ခူ ဘဂ၀တော
ဘာသိတံ အဘိနန္ဒုန္တိ

(၂၃)
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤဓမ္မစက္ကပ၀တ္တနသုတ္တန်ကို ပထမလက်ဦး မြွက်ကျူး ဟောကြားတော်မူ လေ၏။
ကောဏ္ဍညအမှူး ငါးဦးအစုအဝေးရှိကုန်သော ရဟန်းတို့သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ဟောတော်မူအပ် သော တရားတော်ကို အရိယသစ္စာညဏ် ထက်သန် ပွင့်လင်းဝမ်းမြောက်ခြင်း ရှိကြကုန်သည်ဖြစ်၍ ရွှင်လန်းအားရ နှစ်သက်ကြလေကုန်သတည်း။

(23)

This is what the Bhagava- had said,

and the group of five Bhikkhus were delighted and rejoiced at what the Bhagavā had said.

24

(၂၄)
ဣမသ္မိံ စ ပန ဝေယျာကရဏ သ္မိံ ဘညမာနေ
အာယသ္မတော ကောဏ္ဍညဿ
ဝိရဇံ
ဝီတမလံ
ဓမ္မစက္ခုံ
ဥဒပါဒိ

“ယံကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓ ဓမ္မ” န္တိ

(၂၄)

ဂါထာမဖက် စုဏ္ဏိယ သက်သက်ဖြစ်သော ဤဓမ္မစက္ကပ၀တ္တနသုတ်တော်ကြီးကို ဟောတော်မူအပ်သည်ရှိသော် ရှည်သော အသက်တော်ရှိသော အရှင်ကောဏ္ဍညမထေရ်အား ကိလေသာမြူတို့မှ စင်ဖြူကင်းဝေးသော၊ မှောက်မှားဒိဋ္ဌိ အညစ် အကြေး မရှိသော သောတပတ္တိမဂ်ညဏ် ဟု ဆိုအပ်သော တရားမျက်လုံးသည် ထင်ရှားစွာ ပေါ်ပေါက်လေ၏။

“အလုံးစုံသော တေဘုမ္မက၀ဋ်ဒုက္ခ တရားစုသည် ဖြစ်ပေါ်ခြင်းလျှင် အကြောင်းရင်းရှိ၏။ ထိုအလုံးစုံသော တေဘုမ္မက ၀ဋ်ဒုက္ခ တရားစုသည် မကြွင်းမကျန် အမှန်ချုပ်ဆုံးခြင်း သဘောရှိ၏။”
(ဤသို့ ဟုတ်တိုင်းမှန်သိ ညဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်၍လာ၏။)

(24)

Further-more, while this explanation was being uttered, Vision of the Dhamma, dustless, stainless arose to the:Venerable Kondaňňa.

That,

“Whatever has the nature of uprising all that has the nature of cessation.”

၁။ ဝေယျာကရဏ = ဖြေဆိုခြင်း၊ ဖြေကြားခြင်း၊ ဟောကြားခြင်း ဂါထာမရှိ အမေးအဖြေနှင့်တကွသော၊ ဂါထာမဖက် စုဏ္ဏိယသက်သက် ဖြစ်သော တရား

Veyyākarana - Answer, Explanation, Exposition.

၂။ သောတာပတ္တိ မဂ္ဂညဏ = သောတာပတ္တိ မဂ်ညဏ်
Sotāpatti-maggaňānah - The First Path - knowledge of Stream winning.

25

(၂၅)
ပ၀တ္တိတေ စ ပန* ဘဂ၀တော ဓမ္မစက္ကေ ဘုမ္မာ** ဒေ၀ါ သဒ္ဒ မနုဿာဝေသုံ
“ဧတံ ဘဂ၀တော ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိ ၀တ္တိယံ သမဏေန ၀ါ ဗြဟ္မဏေန ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာဝါ ကေ နစိ ၀ါ လောကသ္မိံ ” တိ

ဘုမ္မာနံ ဒေ၀ါနံ သဒ္ဒံ သုတွာ စာတုမဟာရာဇိကာ ဒေ၀ါ သဒ္ဒ မနုဿာ ဝေသုံ"... ..."

စာတု မဟာရာဇိကာဒေ၀ါ ... "... ... ..."
တာဝတိံသာဒေ၀ါ ... ... ... ..."... ... ..."
ယာမာ ဒေ၀ါ ... ... ... ... ... "... ... ..."
တုသိတာ ဒေ၀ါ ... ... ... ... "... ... ..."
နိမ္မာနရတိ ဒေ၀ါ ... ... ... ... "... ... ..."
ပရ နိမ္မိတ ၀သ၀တ္တီဒေ၀ါ ... "... ... ..."
ဗြဟ္မ ကာယိကာ ဒေ၀ါ သဒ္ဒ မနုဿာ ဝေသုံ

" ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေ န၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ " တိ

(၂၅)
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဓမ္မစကြာသုတ်တော်ကြီးကို ဟောတော်မူအပ် ပြီးသည်ရှိသော်ကား ဘုမ္မစိုးနတ် တို့သည် ကောင်းချီးဆူညံ ဟစ်ကြွေးသံကို တစ်ပြိုင် နက် ကြွေးကြော်ကြလေကုန်၏။
“အို နတ်များအပေါင်းတို့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ နေပြည်တော်ကြီး၏အနီး၌ သားသမင် အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော၊ ရသေ့သူမြတ်အပေါင်းတို့၏ ဆင်းသက်ကျရောက်ရာဖြစ်သော မိဂဒါဝုန် တောကြီးအတွင်း၌ အတုမရှိသော ဤဓမ္မစကြာတရားတော်မြတ်ကို ဟောတော်မူအပ်ပေပြီ။ ဤဓမ္မစကြာတရားတော်မြတ် ကို ရဟန်းသည် လည်းကောင်း၊ ပုဏ္ဏားသည် လည်းကောင်း၊ နတ်သည် လည်းကောင်း၊ မာရ်နတ်သည် လည်းကောင်း၊ ဗြဟ္မာသည် လည်းကောင်း၊ အနန္တစကြာဝဠာ ဤကမ္ဘာလောကဓာတ်တိုက်ဘောင်အတွင်း၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် လည်းကောင်း မဆီးတား မကန့်ကွက်နိုင်ချေ။”
(ဤသို့ တစ်ပြိုင်နက် ကြွေးကြော်ကြလေကုန်၏။)

ဘုမ္မစိုးနတ်တို့၏ ကြွေးကြော်သံကို ကြားကြကုန်သည်ရှိသော် စတုမဟာရာဇ် နတ်အများတို့သည် ကောင်းချီးဆူညံ ဟစ်ကြွေးသံကို တစ်ပြိုင်နက် ကြွေးကြော်ကြ လေကုန်၏။ “... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ...”
စာတု မဟာရာဇ် နတ်အများတို့သည် ... ... ... ... ... ... “... ... ... ... ... ... ... ...”
တာဝတိံသာ နတ်အများတို့သည် ... ... ... ... ... ... ... ... “... ... ... ... ... ... ... ...”
ယာမာ နတ်အများတို့သည် ... ... ... ... ... ... ... ... ... “... ... ... ... ... ... ... ...”
တုသိတာ နတ်အများတို့သည် ... ... ... ... ... ... ... ... ... “... ... ... ... ... ... ... ...”
နိမ္မာနရတိ နတ်အများတို့သည် ... ... ... ... ... ... ... ... ... “... ... ... ... ... ... ... ...”
ပရ နိမ္မိတ ၀သ၀တ္တီ နတ်အများတို့သည် ... ... ... ... ... ... ... ... ... “.. ... ... ... ...”
ဗြဟ္မာအပေါင်းတို့သည် ကောင်းချီးဆူညံ ဟစ်ကြွေးသံကို တစ်ပြိုင်နက် ကြွေးကြော်ကြလေကုန်၏။ “အို နတ်ဗြဟ္မာများ အပေါင်းတို့၊ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ နေပြည်တော်ကြီး၏အနီး၌ သား သမင်အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော၊ ရသေ့သူမြတ်အပေါင်းတို့၏ ဆင်းသက်ကျရောက်ရာဖြစ်သော၊ မိဂဒါဝုန်တောကြီးအတွင်း၌ အတုမရှိသော ဤဓမ္မစကြာတရားတော်မြတ်ကို ဟောတော်မူအပ်ပေပြီ။ ဤဓမ္မစကြာ တရား တော်မြတ်ကို ရဟန်းသည် လည်းကောင်း၊ ပုဏ္ဏားသည် လည်းကောင်း၊ မာရ်နတ်သည် လည်းကောင်း၊ ဗြဟ္မာသည် လည်းကောင်း၊ အနန္တစကြာဝဠာ ဤကမ္ဘာလောကဓာတ် တိုက်ဘောင်အတွင်း၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် လည်းကောင်း မဆီးတား မကန့်ကွက်နိုင်ချေ။” (ဤသို့ တစ်ပြိုင်နက် ကြွေးကြော်ကြလေကုန်၏။)
(25)

And when the Bhagavā had proclaimed the discourse on the turning of the Wheel of Dhamma. The Earth Devas raised the shout.

“The supreme Dhamma wheel proclaimed by the Bhagavā in Benares at the deerpark, Isipatana cannot be contradicted by a recluse, or Brahman or Deva or by Māra or by Brāhma or anyone in the world.”

Having heard the shout of the Earth Devas, The Devas of the Four Great Kings shouted together, “... ... ... ... ... ... ... ... ... ... ... ... ”

Tāvatimsā Devas ... ... ... ... ... ... ... ... ... ... “... ... ... ... ... ... ...”

Yāmā Devas... ... ... ... ... ... ... ... ... ... ... ... “... ... ... ... ... ... ...”

Tusitā Devas ... ... ... ... ... ... ... ... ... ... ... “... ... ... ... ... ... ...”

Nimānarati Devas ... ... ... ... ... ... ... ... ... “... ... ... ... ... ... ...”

Paranimitavassavati Devas ... ... ... ... ... ... ... “... ... ... ... ... ...”

Baramākārikā Devas shouted together,

“The supreme Dhamma wheel proclaimed by the Bhagavā in Benares at the deer park, Isipatana, cannot be contradicated by a recluse, or Brahman or Deva or by Māra or by Brahma or by anyone in the world.”

* ပန (အချို့မူ၌မပါ) ** ဘူမာ (မူကွဲ)

25. Literally - And when the Bhagavā had rolled the Wheel of Dhamma, The Earth Devas raised the shout.

“ The supreme Dhamma wheel rolled by the Bhagavā in Benares at the deerpark, Isϊpatanā, cannot be rolled back by a recluse, or Brahman or Deva or by Māra or by Brāhma or by anyone in the world.”

ဣတိဟ တေန ခဏေန တေန လယေန တေန
မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ*

ဤသို့လျှင် ထိုခဏအတွင်း၌ ထိုလယ**အတွင်း၌ ထိုမုဟုတ်အတွင်း၌ အကနိဋ္ဌြှဗဟ္မာ့ဘုံ တိုင်အောင် ကျော်စောသော အသံသည် အဆင့်ဆင့်ပျံ့နှံ့၍ တက်လေ၏။
* အဗ္ဘုဂ္ဂစ္ဆတိ (မူကွဲ)

** လယ = ဆယ်ခဏဟူသောအချိန်

Laya - a brief measure of time; equal time in music and dancing.

၁။ ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဘော်ကြားသည်၊ ၊တရားနတ်စည် ရွမ်းတယ်ကို။ ။
လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ ဘုရားရှိခိုး အပိုဒ် ၅ မှ

Sunday, March 25, 2007

26

(၂၆)
အယဉ္စ ဒသသဟဿိ လောကဓာတု
သံကမ္ပိ
သမ္ပကမ္ပိ
သမ္ပဝေဓိ
(၂၆)
ဤ စကြ၀ဠာအပေါင်း လောကဓာတ်တိုက်တစ်သောင်းသည်လည်း
အောက်သို့နိမ့်လျက် တသိမ့်သိမ့် တုန်လှုပ်လေ၏။
အထက်သို့ခုန်တက်၍ တသွက်သွက် တုန်လှုပ်လေ၏။
အေးယဉ်လွှဲသကဲ့သို့ နွှဲကာနွှဲကာ တုန်လှုပ်လေ၏။

(26)

And the Ten Thousand-Fold

World-system trembled, quaked and quaked again, shook violently to and fro.



27

(၂၇)
အပ္ပမာဏော စ ဥဠာရော သြဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေ၀ါနံ ဒေ၀ါနုဘာဝန္တိ*

(၂၇)
နတ်အပေါင်း ဗြဟ္မာအပေါင်းတို့၏ တန်ခိုးအလုံးစုံကို သိမ်းခြုံလွှမ်းမိုး၍ စကြ၀ဠာအပေါင်း လောကဓာတ် တိုက် တစ်သောင်း၌ အတိုင်းမသိ နှိုင်းယှဉ်ဖွယ်မရှိသော ကြီးကျယ်မွန်မြတ်သော ရောင်လျှံထိန်ညီး အလင်းဓာတ်ကြီးသည် အဆန်းတကြယ် အံ့သြဖွယ်ဖြစ်ပေါ်လာ၏။

(27)

And an immeasurable and mighty radiance appeared in the world, surpassing the Devas own glory.

* ဒေ၀ါနုဘာဝံ (မူကွဲ)

28

(၂၈)
အထခေါ ဘဂ၀ါ ဣမံဂ ဥဒါနံ ဥဒါနေသိ
"အညာ၁သိ ၀တ ဘော ကောဏ္ဍညော
အညာသိ ၀တ ဘော ကောဏ္ဍညော" တိ

(၂၈)
ထိုအခါ၌ ဘုန်းတော်ကြီးမြတ်သော မြတ်စွာဘုရားသည် ၀မ်းမြောက်မြွက်ကြား၍ ဤဥဒါန်းတော် အမိန့်စကားကို ကျူးရင့်တော်မူလေ၏။
"အို လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့ ငါ့သားတော်ကြီးဖြစ်သော ကောဏ္ဍညသည် အသိညဏ် အလင်းပေါက်၍ သောတာပန် ၂ အဖြစ်သို့ ရောက်လေပြီတကား။
အို လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့ ငါ့သားတော်ကြီး ဖြစ်သော ကောဏ္ဍညသည် အသိညဏ် အလင်းပေါက်၍ သောတာပန်အဖြစ်သို့ ရောက်လေပြီတကား"
(ဤသို့ ဥဒါန်းကျူးရင့်တော်မူလေ၏)

(28)

Then the Bhagavă uttered this solemn utterance.

“Indeed, Kondaňňa has understood,

Indeed, Kondaňňa has understood.”

* ဣမံ (အချို့မူ၌မပါ)

၁။ အညာ = သိခြင်း၊ ရဟန္တာ၏အဖြစ်၊ အရဟတ္တဖိုလ

Aňňā - Perfect knowledge, Arahantship, Arahattaphala

် ၂။ သောတာပန္ဒ = အရိယမဂ်ဟူသော ရေအယဉ်သို့ ရောက်သည်။ သောတာပန်ပုဂ္ဂိုလ်

Sotāpanna - One who has entered the Stream of Noble Path.

‘Stream entrant’, the first stage in the realization of Nibbāna.

ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ
အညာသိ ကောဏ္ဍညောတွေဝ နာမံ အဟောသိ

ဤ ဥဒါန်းစကားတော်အားဖြင့် ရှည်သောအသက်တော်ရှိသော
အရှင်ကောဏ္ဍည မထေရ်မြတ်ကြီးအား
အညာသိကောဏ္ဍည ဟူ၍သာလျှင်
ဤအမည်ထူးသည် ဖြစ်လေသတည်း။

Thus, it was that Aňňāsi Kondaňňa became the name of Venerable Aňňāsi Kondaňňa.

29

(၂၉)
အထခေါ အာယသ္မာ အညာသိ ကောဏ္ဍညော
ဒိဋ္ဌဓမ္မော
ပတ္တဓမ္မော
ဝိဒိတဓမ္မော
ပရိယောဂါဠဓမ္မော
တိဏ္ဏ၀ိစိကိစ္ဆော
ဝိဂတကထံကထော
ဝေသာရဇ္ဇပ္ပတ္တော
(၂၉)
ထို သောတာပန်ဖြစ်ပြီးသောအခါ၌ ရှည်သော အသက်တော်ရှိသော အရှင် အညာသိ ကောဏ္ဍညသည်
ကိုယ်တိုင် မြင်အပ်ပြီးသော တရားရှိသည်ဖြစ်၍
ကိုယ်တိုင် ဆိုက်ရောက်အပ်ပြီးသော တရားရှိသည်ဖြစ်၍
ကိုယ်တိုင် သိအပ်ပြီးသော တရားရှိသည်ဖြစ်၍
ကိုယ်ပိုင်ညဏ်ဖြင့် သက်ဝင်အပ်ပြီးသော တရားရှိသည်ဖြစ်၍
ယုံမှားခြင်း၏ တစ်ဖက်ကမ်းသို့ ရောက်အောင် ကူးမြောက်ပြီးသည်ဖြစ်၍
သို့လော သို့လော တွေးတောယုံမှားခြင်းမှ လွတ်ကင်းသည်ဖြစ်၍
ကြောက်ရွံ့မှုကင်းလျက် ရဲရင့်ခြင်းသို့ ရောက်သည်ဖြစ်၍

(29)

Then, The Venerable Aňňasi Kondaňňa,

Having seen Dhamma,

Attained Dhamma,

Known Dhamma,

Plunged into Dhamma,

Having crossed over doubt,

Having put away uncertaintity,

Having attained confidence,

အပရပ္ပစ္စယော သတ္တုသာသနေ ဘဂ၀န္တံ ဧတဒဝေါစ
"လဘေယျာတံ ဘန္တေ ဘဂ၀တော သန္တိကေ ပဗ္ဗဇံ္ဇ လဘေယျံဥပသမ္ပဒ" န္တိ

မြတ်စွာဘုရား၏ သာသနာတော်အတွင်း၌ သိမြင်ပြီးသော Óဏ်အစွမ်းအားဖြင့် သူတစ်ပါးတို့အား ယုံကြည် အားထားခြင်းမရှိလေသောကြောင့် ဘုန်းတော်ကြီးသော မြတ်စွာဘုရားကို ဤသို့သောစကားကို လျှောက်ထားတောင်းပန် လေ၏။
"အရှင်ဘုရား - တပည့်တော်သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏အထံတော်၌ ရဟန်းအဖြစ်ကို ရလိုပါသည် ဘုရား၊ ပဉ္စင်းအဖြစ်ကို ရလိုပါသည်ဘုရား" ဤသို့ လျှောက်ထားတောင်းပန်လေ၏။

Without depending on others in the Teachers’ religion, spoke to the Bhagavā,

“May I, Bhante, get to leave the world in the presence of the Bhagavā, May I get the ordination?

30

(၃၀)
"ဧဟိ ဘိက္ခူ" တိ ဘဂ၀ါ အဝေါစ
သွာက္ခာတော ဓမ္မော စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာတိ သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ

(၃၀)
မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူ၏။
"အို ရဟန်း လာလော့၊ ငါဘုရားသည် တရားတော်မြတ်ကို ကောင်းစွာ ဟောကြား တော်မူအပ်ပြီ။ သံသရာဝဋ်ဆင်းရဲ၏ ကိစ္စတုံး၍ အဆုံးတိုင်အောင်ပြုခြင်းငှာ ကောင်းစွာ မြတ်သော မဂ်အကျင့်ကို ကျင့်လေလော့"
ဤသို့ မိန့်တော်မူ၏။ ရှည်သော အသက်တော်ရှိသော ထိုအရှင်ကောဏ္ဍညအား ထိုဧဟိဘိက္ခု ပဉ္စင်းအဖြစ်သည်သာလျှင် ဖြစ်လေသတည်း။

(30)

And the Bhagavā said,

“Come, Bhikkhu, The Dhamma has been well expounded, Practice the holy life rightly, For making an end of suffering.”

So this came to be the ordination of the long lived Venerable Kondaňňa.

ဓမ္မစက္ကပ၀တ္တနသုတ္တံ နိဋ္ဌိတံ

ဓမ္မစက္ကပ၀တ္တနသုတ်သည် ပြီး၏။