(၂၄)
ဣမသ္မိံ စ ပန ဝေယျာကရဏ
၁ သ္မိံ ဘညမာနေ
အာယသ္မတော ကောဏ္ဍညဿ
ဝိရဇံ
ဝီတမလံ
ဓမ္မစက္ခုံ
ဥဒပါဒိ
“ယံကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓ ဓမ္မ” န္တိ
ဂါထာမဖက် စုဏ္ဏိယ သက်သက်ဖြစ်သော ဤဓမ္မစက္ကပ၀တ္တနသုတ်တော်ကြီးကို ဟောတော်မူအပ်သည်ရှိသော် ရှည်သော အသက်တော်ရှိသော အရှင်ကောဏ္ဍညမထေရ်အား ကိလေသာမြူတို့မှ စင်ဖြူကင်းဝေးသော၊ မှောက်မှားဒိဋ္ဌိ အညစ် အကြေး မရှိသော သောတပတ္တိမဂ်ညဏ်
၂ ဟု ဆိုအပ်သော တရားမျက်လုံးသည် ထင်ရှားစွာ ပေါ်ပေါက်လေ၏။
“အလုံးစုံသော တေဘုမ္မက၀ဋ်ဒုက္ခ တရားစုသည် ဖြစ်ပေါ်ခြင်းလျှင် အကြောင်းရင်းရှိ၏။ ထိုအလုံးစုံသော တေဘုမ္မက ၀ဋ်ဒုက္ခ တရားစုသည် မကြွင်းမကျန် အမှန်ချုပ်ဆုံးခြင်း သဘောရှိ၏။”
(ဤသို့ ဟုတ်တိုင်းမှန်သိ ညဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်၍လာ၏။)
(24)
Further-more, while this explanation was being uttered, Vision of the Dhamma, dustless, stainless arose to the:Venerable Kondaňňa.
That,
“Whatever has the nature of uprising all that has the nature of cessation.”
၁။ ဝေယျာကရဏ = ဖြေဆိုခြင်း၊ ဖြေကြားခြင်း၊ ဟောကြားခြင်း ဂါထာမရှိ အမေးအဖြေနှင့်တကွသော၊ ဂါထာမဖက် စုဏ္ဏိယသက်သက် ဖြစ်သော တရား
Veyyākarana - Answer, Explanation, Exposition.
၂။ သောတာပတ္တိ မဂ္ဂညဏ = သောတာပတ္တိ မဂ်ညဏ်
Sotāpatti-maggaňānah - The First Path - knowledge of Stream winning.်