Monday, March 26, 2007

15

(၁၅)
“တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ

(၁၅)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန်ဖြစ်သော ဤအရိယသစ္စာတရားကို ကိုယ်တိုင် ဆိုက်ရောက်မျက်မှောက် ပြုအပ် ပြုထိုက်၏” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီကာလ၌ တစ်ရံ တစ်ခါမျှ မကြားစဖူးကုန်သော တရားအပေါင်းတို့၌ မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်၍လာ၏။ ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။ အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။ ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။ မောဟမှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။

(15)

Among things, Bhikkhus, not heard of before by me.

Vision arose,

Knowledge arose,

Wisdom arose,

Special knowledge arose,

Light arose, “THAT, WHICH IS THE NOBLE TRUTH OF THE CESSATION OF SUFFERING MUST BE REALISED.”

16

(၁၆)
တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ

(၁၆)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန်ဖြစ်သော ဤ အရိယသစ္စာတရားကို ကိုယ်တိုင် ဆိုက်ရောက် မျက်မှောက်ပြုခြင်းကိစ္စ ပြီးပြီ” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီကာလ၌ တစ်ရံ တစ်ခါမျှ မကြားစဖူးကုန်သော တရားအပေါင်းတို့၌ မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်၍လာ၏။ ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။ အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။ ထိုးထွင်းသိတတ်ဝိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။ မောဟမှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။

(16)

Among things, Bhikkhus, not heard of before by me.

Vision arose,

Knowledge arose,

Wisdom arose,

Special knowledge arose,

Light arose, “THAT, WHICH IS THE NOBLE TRUTH OF THE CESSATION OF SUFFER-ING HAS BEEN REALISED.”

17

(၁၇)
ဣဒံ ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿု တေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ

(၁၇)
ချစ်သားရဟန်းတို့ “ဤ မဂ္ဂင်ရှစ်ပါးတရားအစုသည် ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာအမှန် နိဗ္ဗာန် သို့ရောက်ကြောင်း အကျင့်ကောင်း လမ်းမှန်ဖြစ်သော အရိယသစ္စာကြီးတစ်ပါး” ဟူ၍ ငါဘုရားသည် ရှေးဘုရား မဖြစ်မီကာလ၌ တစ်ရံတစ်ခါမျှ မကြားစဖူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
မောဟမှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။

(17)

Among things, Bhikkhus, not heard of before by me.

Vision arose,

Knowledge arose,

Wisdom arose,

Special knowledge arose,

Light arose, “THAT, THIS IS THE NOBLE TRUTH OF THE COURSE LEADING TO THE CESSATION OF SUFFERING.”

18

(၁၈)
တံ ခေါ ပနိဒံ ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ

(၁၈)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာအမှန် နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကောင်း လမ်းမှန်ဖြစ်သော ဤအရိယသစ္စာတရားကို ဘာဝနာအလုပ်ဖြင့် အားထုတ်ကြိုးစားပွားများအပ် ပွားများ ထိုက်၏” ဟူ၍ ငါဘုရားသည် ရှေး ဘုရားမဖြစ်မီကာလ၌ တစ်ရံတစ်ခါမျှ မကြားစဖူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိÓဏ်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
မောဟမှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။

(18)

Among things, Bhikkhus, not heard of before by me.

Vision arose,

Knowledge arose,

Wisdom arose,

Special knowledge arose,

Light arose, “THAT, WHICH IS THE NOBLE TRUTH OF THE COURSE LEADING TO THE CESSATION OF SUFFERING MUST BE DEVELOPED.”

19

(၁၉)
တံ ခေါ ပနိဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ

(၁၉)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာအမှန် နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့် ကောင်းလမ်းမှန်ဖြစ်သော ဤအရိယသစ္စာတရားကို ပွားများခြင်းကိစ္စပြီးပြီ” ဟူ၍ ငါဘုရားသည် ရှေးဘုရား မဖြစ်မီကာလ၌ တစ်ရံတစ်ခါမျှ မကြားစဖူးကုန်သော တရားအပေါင်းတို့၌ မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။ ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။
မောဟမှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍ လာ၏။

(9)

Among things, Bhikkhus, not heard of before by me.

Vision arose,

Knowledge arose,

Wisdom arose,

Special knowledge arose,

Light arose, “THAT, WHICH IS THE NOBLE TRUTH OF THE COURSE LEADING TO THE CESSATION OF SUFFERING HAS BEEN DEVELOPED.”

20

(၂၀)
ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧ၀ံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ* ညဏဒဿနံ န သုဝိသုဒံ္ဓ အဟောသိ

(၂၀)
ချစ်သားရဟန်းတို့ အကြင်မျှလောက်သော ကာလပတ်လုံး ငါဘုရားအား လေးပါးကုန်သော ဤမဖောက်မပြန် မှန်ကန် တုံလတ် အရိယသစ္စာမြတ်တို့၌ ဤသို့ပြဆိုအပ်ပြီးသောအတိုင်း သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် အားဖြင့် စက်လည်ပုံသုံးပါးရှိသော သုံးပါးလေးလီအားဖြင့် အခြင်းအရာ တစ်ဆယ့်နှစ်ပါးရှိသော ဟုတ်မှန်သောအတိုင်း ပိုင်းခြား ထင်ထင် ဉာဏ်အမြင်သည် စင်စင်ကြယ်ကြယ် မဖြစ်ပေါ်လာသေး။

(20)

And so long, Bhikkhus, the Vision of knowledge of these Four Noble Truths with the three sections and twelve modes as they really are, was not well purified by me,

* ယထာဘူတံ = ဟုတ်မှန်သည့်အလျောက် ဖြစ်သည့်အတိုင်း
Yathābhūtan - in truth; in reality, in its real essence: - according to the reality.
၁။ သစ္စဉာဏ် = သစ္စာလေးပါးတို့၏ သရုပ်သဘောသက်သက်ကို သိသောဉာဏ်

sacca-ñāna - The knowledge that it is the Truth.

၂။ ကိစ္စဉာဏ် = သစ္စာလေးပါးတို့၏ ဆိုင်ရာလုပ်ငန်းကို သိသောဉာဏ်

kicca-ñāna - The knowledge that a certain function or action with regard to this Truth

should be performed.

၃။ ကတဉာဏ် = သစ္စာလေးပါးတို့၌ အလုပ်စခန်းပြီးမြောက်ပြီဟု သိသောဉာဏ်

kata-ñāna - The knowledge that, that function or action with regard to this Truth has been performed.

နေ၀ တာဝါဟံ ဘိက္ခဝေ သဒေ၀ကေ လောကေ သမာရကေ သဗြဟ္မကေ သဿ မဏဗြဟ္မဏိယာ ပဇာယ သဒေ၀မနုဿာယ “အနုတ္တရံ သမ္မာ သမ္ဗောဓိံ အဘိ သမ္ဗုဒ္ဓေါ” တိ ပစ္စညာသိံ
So long was I, Bhikkhus, could not admit that “I was a perfect Buddha who had attained the full supreme ENLIGHTENMENT, in the midst of the world with its Devas1, with its Māras2, with its Brahmas3, with its Recluses and Brahmans4, its creatures with Devas and Men.”

1. Deva - a deity; a celestial being; a god.
2. Māra - The Evil One; the Tempter; death personified.
3. Brahma - Supreme being; creator of the Universe.
4. Brāhmana - A Brahmin; member of the highest caste in India.

21

(၂၁)
ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧ၀ံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ညဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ
အထာဟံ ဘိက္ခဝေ သဒေ၀ကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏ ဗြဟ္မဏိယာ ပဇာယ သဒေ၀မနုဿာယ “အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ” တိပစ္စညာသိံ

(၂၁)
ချစ်သားရဟန်းတို့ အကြင်အခါ၌သာလျှင် ငါဘုရားအား လေးပါးကုန်သော ဤ မဘောက်မပြန် မှန်ကန်တုံလတ် အရိယသစ္စာမြတ်တို့၌ ဤသို့ပြဆိုအပ်ပြီးသောအတိုင်း သစ္စညဏ်၊ ကိစ္စညဏ်၊ ကတညဏ်အားဖြင့် စက်လည်ပုံသုံးပါး ရှိသော သုံးပါးလေးလီအားဖြင့် အခြင်းအရာ တစ်ဆယ့်နှစ်ပါးရှိသော ဟုတ်မှန်သောအတိုင်း ပိုင်းခြားထင်ထင် ညဏ် အမြင်သည် စင်စင်ကြယ်ကြယ် ဖြစ်ပေါ်၍လာ၏။
ချစ်သားရဟန်းတို့ ထိုအခါ၌သာလျှင် ငါဘုရားသည် နတ်ပြည်နှင့်တကွဖြစ်သော၊ မာရ်နတ်လွှမ်းခြုံ ၀သ၀တ္တီဘုံနှင့် တကွ ဖြစ်သော၊ ဗြဟ္မာ့ဘုံနှင့်တကွဖြစ်သော၊ အနန္တစကြ၀ဠာ ကမ္ဘာလောကဓာတ် တိုက်ဘောင်အတွင်း၌ ရဟန်းပုဏ္ဏား နှင့်တကွ ဖြစ်သော၊ နတ်လူနှင့် တကွဖြစ်သော သတ္တ၀ါများအလယ်၌ “အတုမရှိသော ဘုရားဖြစ်ရန် သဗ္ဗညုတ ရွှေညဏ်ကို ပိုင်ပိုင်ရရှိ ထိုးထွင်း၍ သိတော်မူပြီ”ဟူ၍ ၀န်ခံတော်မူပြီ။
(21)

But when, Bhikkhus, the Vision of knowledge of these Four Noble Truths, with the three sections and twelve modes, as they really are, was well purified by me.

Then, Bhikkhus, I could admit that “I was a perfect Buddha, who had attained the full supreme ENLIGHTENMENT, in the midst of the world with its Devas, with its Māras with its Brahmas, with its Recluses and Brahmans, its creatures with Devas and Men.”